ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း (၂၅) မြတ်ဗုဒ္ဓ၏ နိစ္စဓူဝ လုပ်ငန်းစဉ်
Added:2020/7/9 16:03:51 Views:478

🍁 ဗုဒ္ဓဝင် အပိုင်း (၂၅) 🍁
======================
မြတ်ဗုဒ္ဓ၏ နိစ္စဓူဝ လုပ်ငန်းစဉ်
=========================
🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷🌷

မြတ်ဗုဒ္ဓ၏ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုကို အပိုင်း (၅)ပိုင်း ခွဲခြားထားပါသည်။ နံနက်ပိုင်းကဏ္ဍ၊ နေ့လည်ပိုင်းကဏ္ဍ၊ ပုရိမယံ၊ မဇ္စ◌ျိမယံနှင့် ပစ္ဆိမယံတို့ ဖြစ်ကြပါတယ်။

နံနက်ပိုင်းကဏ္ဍ
============
မြတ်ဗုဒ္ဓသည် နံနက် (၄)နာရီအချိန်တွင် ကျိန်းစက်ရာမှ နိုးထတော်မူပြီး မျက်နှာတော်သစ်ကာ တစ်နာရီတိတိ သမာပတ် ဝင်စားတော်မူပါသည်။ (၅)နာရီမှ (၆)နာရီအချိန်ထိ
အကူအညီလိုအပ်နေသူ ရှိသလားဟု လောကတစ်ခွင်ကို ဉာဏ်မျက်စိဖြင့် ကြည့်ရှုတော်မူပါသည်။ (၆)နာရီအချိန်တွင် သင်္ကန်းတော်ကို ဝတ်ရုံကာ ဒေသစာရိ

ကြွချီတော်မူပြီး အကူအညီလိုအပ်သော သတ္တဝါများကို ကူညီတော်မူပါသည်။ မရှိလျှင် ဆွမ်းခံကြွတော်မူပါသည်။

မြတ်ဗုဒ္ဓဆွမ်းခံကြွချီရာတွင် မျက်လွှာချလျှက် တစ်အိမ်ပြီးတစ်အိမ် ကြွတော်မူကာ သပိတ်တွင်း လောင်းလှူသောစားသောက်ဖွယ်ရာများကို ငြိမ်သက်စွာ

ခံယူတော်မူပါသည်။
တစ်ခါတစ်ရံ နောက်တွင်တပည့်သာဝက အတန်းတစ်တန်းလိုက်ပါလျှက် အလှူခံတော်မူပါသည်။ ဒါယကာများက ၎င်းတို့အိမ်သို့ မကြာခဏဆွမ်းစားပင့်ဖိတ်ကြပြီး

ဆွမ်းဘုဉ်းပေးပြီးလျှင် အလှူရှင်များနှင့် တပည့်သာဝကများကို တရားဓမ္မ ဟောကြားချီးမြှင့်တော်မူပါသည်။


နေ့လည်ပိုင်းကဏ္ဍ
===============
နေ့လည်အချိန်တွင် ရဟန်းတော်များက မြတ်ဗုဒ္ဓထံသွားရောက်ပြီး မေးခွန်းများမေးလျှောက်ကြပြီး မြတ်ဗုဒ္ဓက တရားထိုင်နည်း လမ်းညွှန်အကြံပြုတော် မူပါသည်။

ဒီနောက်ဂန္ဓကုဋိ၌ သီးခြားသီတင်းသုံးကာ မိမိ၏ အကူအညီလိုအပ်မည့် ကျွတ်ထိုက်သည့်ဝေနေယျများ ရှိသလားဆိုသည်ကို အဘိဉာဉ်တန်ခိုးဖြင့် ရှာဖွေကြည့်ရှုတော်

မူပါသည်။ ဒီနောက်ကျွတ်တန်းဝင်ချိန်ရောက်နေသော ဝေနေယျများထံ ကြွရောက်တွေ့ဆုံတော်မူပါသည်။

ထိုဝေနေယျအသီးသီး၏စိတ်ထဲတွင် မြတ်ဗုဒ္ဓက မိမိတို့စရိုက်ကိုလိုက်၍ ပညာဉာဏ်ရင့်သန်သူများကို အားရကျေနပ်မှုပေးခြင်း၊ သာမန်ပုဂ္ဂိုလ်များကို

အသိဉာဏ်ရင့်ကျက်အောင် မြှင့်တင်ပေးခြင်း၊ ဉာဏ်ရည်နိမ့်ပါးနေသူများ၏ အမှောင်ထုကို ပပျောက်စေခြင်းဖြင့် တစ်ဉီးချင်းအား သီးခြားစီ တရားဓမ္မဟောကြားနေသည်ဟု

ခံစားကြရ၏။

ပုရိမယံ (ညဉ့်ဉီးယံ) ည (၆)နာရီမှ (၁၀)နာရီ
===================================
ဤအချိန်တွင် တပည့်သာဝကများ မြတ်ဗုဒ္ဓထံတစ်ကြိမ် ထပ်မံလာရောက်တွေ့ဆုံပြီး တရားဓမ္မနာယူကာ သံသယရှိသည်များ ရှင်းလင်းရန်

မေးမြန်းလျှောက်ထားကြပါသည်။

မဇ္စ◌ျိမယံ (သန်းခေါင်ယံ) ည (၁၀)နာရီမှ နံနက် (၂)နာရီ
============================================
ဤကာလအတွင်း နတ်ဒေဝါများ မြတ်ဗုဒ္ဓကို ဖူးမြင်ရန် အခွင့်အရေး ရယူကြပြီး ဘဝသစ္စာကို လေ့လာသင်ယူကြ၏။ မြတ်ဗုဒ္ဓသည် ၎င်းတို့မေးလျှောက်သမျှကို

ဖြေပေးရင်းဖြင့် သန်းခေါင်ယံအချိန်ကို ကုန်ဆုံးစေပါသည်။

ပစ္ဆိမယံ (မိုးသောက်ယံ) နံနက် (၂)နာရီမှ နံနက်(၄)နာရီ
=============================================
မြတ်ဗုဒ္ဓသည် ပထမနာရီပိုင်းတွင် တစ်နေ့တာလုံး ထိုင်နေတော်မူရခြင်းမှ သက်သာစေရန် တရားမှတ်လျှက် စင်္ကြံကြွတော်မူပါသည်။ ဒီနောက် တစ်နာရီခန့်

ကျိန်းစက်တော် မူပါသည်။

ဤနည်းဖြင့် မြတ်ဗုဒ္ဓသည် တစ်နေ့တာလုံး မအားမလပ်အောင် ရှိနေခဲ့သည်ကို ကြည်ညိုနိုင်ပါသည်။ အမှန်စင်စစ် တရားဓမ္မဟောကြားတော်မူသော (၄၅)ဝါ ကာလပတ်လုံး

တစ်ရက်လျှင် (၁)နာရီသာ ကျိန်းစက်တော်မူခဲ့ပါသည်။ နေ့စဉ် နံနက် အရုဏ်တက်ချိန်တွင် စကြာဝဠာတစ်ခုလုံးကို အာရုံပြုကာ မဟာဂရုဏာတော်ဖြင့်

ကောင်းချီးမင်္ဂလာပြုပြီး သန်းပေါင်းများစွာသော သတ္တဝါတို့ထံ ချမ်းသာကို ဆောင်ကြဉ်းပေးတော်မူခဲ့ပါသည်။

Previous:အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တ
Next:အပိုင်း (၂၄) မေတ္တာဂရုနာကြီးမားတော်မူသော မြ