ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း ( ၃၁ ) တစ်လောကလုံးတွင် အတော်ဆုံး လယ်သမားမြတ်ဗုဒ္ဓ
Added:2020/9/9 18:31:02 Views:509

အပိုင်း ( ၃၁ )

တစ်လောကလုံးတွင် အတော်ဆုံး လယ်သမားမြတ်ဗုဒ္ဓ

တစ်ချိန်က မြတ်ဗုဒ္ဓသည် မဂဓတိုင်းရှိ ရွာတစ်ရွာသို့ ရောက်ရှိတော်မူခဲ့၏။ထိုအချိန်သည် မိုးဉီးကျဖြစ်ပြီး ထွန်ယက်နေချိန်ဖြစ်သည်။ နံနက်စောစော သစ်ရွက်လေးများကို နှင်းစက်ဆွတ်ဖျန်းထားချိန် မြတ်ဗုဒ္ဓသည် ကာသိဘာရဒွါဇ ပုဏ္ဏားလယ်သမားကြီးထယ်ငါးရာဖြင့် အလုပ်လုပ်ရာ လယ်ကွင်းဆီသို့ ကြွတော်မူခဲ့၏။

မြတ်ဗုဒ္ဓရောက်ရှိချိန်သည် ပုဏ္ဏားကြီးက အလုပ်သမားများကို အစားအသောက်များ ဝေခြမ်းနေချိန်ဖြစ်သည်။ မြတ်ဗုဒ္ဓသည် ထိုနေရာ၌ ဆွမ်းအလှူခံရန် ရပ်တော်မူခဲ့၏။ သို့သော် ပုဏ္ဏားကြီးသည် မြတ်ဗုဒ္ဓကိုမြင်ပြီး လှောင်ရယ် ရယ်ကာ "ငါက ထွန်ယက် စိုက်ပျိုးတယ်၊ထွန်ယက်စိုက်ပျိုးကြီး စားသုံးတယ်၊ အို...သမဏ၊သင်လည်း ထွန်ယက် စိုက်ပျိုးသင့်တယ်၊ ထွန်ယက်စိုက်ပျိုးပြီး စားသုံးသင့်တယ်" ဟု ပြောဆိုလေ၏။

မြတ်ဗုဒ္ဓက "အို...ပုဏ္ဏားကြီး၊ ငါ ဘုရားလည်းထွန်ယက်စိုက်ပျိုးတယ်၊စိုက်ပျိုးပြီး စားသုံးတယ်" ဟု ပြန်လည်မိန့်ကြားတော်မူ၏။ ပုဏ္ဏားကြီးသည် ပဟေဠိဆန်သွားပြီ "သင်က ထွန်ယက်စိုက်ပျိုးတယ်လို့ အခိုင်အမာပြောတယ်၊ ဒါပေမယ့် သင် ထွန်ယက်တာငါမမြင်တွေ့ပါ" ဟု ပြောဆို၏။

"ငါ ဘုရားသည် သဒ္ဓါတရားကို မျိုးစေ့အဖြစ် စိုက်ပျိုးတယ်။ ငါ့ရဲ့ဝိနည်းစည်းကမ်းသည် မိုးရေဖြစ်တယ်၊ ငါ့ရဲ့ပညာဉာဏ်သည် တံပိုးနဲ့တယ်ဖြစ်တယ်၊ ငါ့ရဲ့ဣန္ဒြယသမ္ပတ္တိသည် ထယ်ဉီးဖြစ်တယ်။ ငါရဲ့စိတ်သည် ကြိုးဖြစ်သည်။

သတိသည် ထယ်သွားနဲ့နှင်တံဖြစ်တယ်။ ငါသည် ကာယကံ၊ဝစီကံနဲ့အစားအစာကို ထိန်းချုပ်တယ်၊ သစ္စာတရားနဲ့ပေါင်းသင်တယ်" ဟု မိန့်ကြားခဲ့ပါသည်။

"ငါ ရရှိတာက ဆင်းရဲဒုက္ခမှ လွတ်မြောက်မှု ချမ်းသာသုခဖြစ်တယ်။ နိဗ္ဗာန်မရောက်မချင်း လုံ့လဝီရိယနဲ့တံပိုးကို သယ်ဆောင်တယ်။ဤနည်းနဲ့ ထွန်ယက်ပြီး ဖြစ်တယ်။ ထွန်ယက်ခြင်းကနေ သေခြင်းကင်းသော အမတသီးနှံဖြစ်ထွန်းလာတယ်။ ဒီလိုထွန်ယက်ခြင်းဖြင့် လူသားတစ်ဦးသည် ဆင်းရဲဒုက္ခအပေါင်းမှ လွတ်‌မြောက်တယ်" ဟု ပြန်လည်မိန့်ကြားတော်မူပါသည်။

ဤရှင်းလင်းမိန့်ကြားချက်ကို ကြားပြီးနောက် ပုဏ္ဏားကြီးသည် ၎င်း၏အမှားကို သဘောပေါက်ကာ "ရှင်တော် ဂေါတမ၊ နို့ဆွမ်းကို ဘုဥ်းပေးသုံးဆောင်ပါ။ အရှင်ဂေါတမရဲ့ကောက်ပဲသီးနှံသည် သေခြင်းကင်းရာ နိဗ္ဗာန်တည်းဟူသောအသီးကိုသီးပွင့်တာကြောင့် အရှင်သည် တစ်လောကလုံးတွင် အတော်ဆုံး လယ်သမားတစ်ဦးဖြစ်ပါတယ်" ဟု လျှောက်ထားကာ ကြီးမားသော ပန်းကန်ထဲတွင် နို့ထမင်းထည့်လျက် မြတ်ဗုဒ္ဓကို လှူဒါန်းလေ၏။

မြတ်ဗုဒ္ဓက တရားဟောခြင်းအတွက် အဖိုးအခပြန်ပေးအပ်သော အစားအသောက်ကို လက်မခံဟု မိန့်ကြားကာ ငြင်းပယ်တော်မူပါသည်။ ပုဏ္ဏားကြီးသည် မြတ်ဗုဒ္ဓ၏ခြေတော်ရင်းသို့ ဒူးထောက်လိုက်ပြီး သံဃာအဖွဲ့အစည်းအတွင်းသို့ ရဟန်းပြုခွင့်ပေးပါရန် အခွင့်တောင်းခဲ့၏။ မကြာမီ ကာသိဘာရဒွါဇရဟန္တ ဖြစ်သွားခဲ့ပါသည်။


Previous:အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တ
Next:အပိုင်း(၃၀)အကူအညီမဲ့သူများကို ကျွေးမွေးစော