ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း(၃၂) အိမ်ထောင်ဘက်ကောင်း ရွေးရန် အလှအပကို အသုံးချသော မာဂဏ္ဍိယနှင့် မြတ်ဗုဒ္ဓ
Added:2020/9/23 12:25:45 Views:546

အပိုင်း(၃၂)

အိမ်ထောင်ဘက်ကောင်း ရွေးရန် အလှအပကို အသုံးချသော မာဂဏ္ဍိယနှင့် မြတ်ဗုဒ္ဓ




မာဂဏ္ဍိယသည် ချမ်းသာသော အမျိုးသားများက လက်ထပ်ရန် အလိုရှိနေသည့် ချောမလှပသူ မိန်းမပျိုတစ်ယောက်ဖြစ်သည်။ သူ၏ မိဘ ပုဏ္ဏးနှစ်ဦးကသမီးနှင့် တူတန်သော အရည်ချင်းရှိသူ အတွေ့ဟုဆိုကာ၊ ချစ်ရေးဆိုလာသူများကို အမြံတမ်းပယ်ချခဲ၏။ မိဘများက သမီးအတွက် သင့်တော်သူ ရှာပေးသည်ကိုပင်ရှင်ဘုရင်ထက် အဆင့်နိမ့်သူ မည့်သူကိုမှ လက်မထပ်ဟုပြောဆိုကာ ငြင်ပယ်ခဲ့လေသည်။မာဂဏ္ဍိယသည် အိမ်ထောင်ဖက်ကောင်းကောင်းရွေးချယ်ရန် သူမ၏ အလှအပကို အသုံးချဖို့ သန္နိဌာန်ချထားခဲ့၏။


တစ်နေ့ မြတ်ဗုဒ္ဓသည် လောကတစ်ခွင်ကို ဆင်ခြင်ကြည့်ရှုတော်မူရာ မာဂဏ္ဍိယ၏ မိဘနှစ်ပါးသည် အသိဉာဏ် ရင့်သန်နေပြီ ဖြစ်ကြောင်း သတိပြုမိခဲ့၏။ လိုအပ်ချက်မှာ ၎င်းတို့၏ သစ္စာအမြင်ကို ဖွင့်ပေးရန်၊ဗုဒ္ဓ၏ နှုတ်မြွက်စကား တစ်ခွန်းတည်းဖြစ်၏ မြတ်ဗုဒ္ဓသည် ရွာအပြင်တွင် မီးပူဇော်နေသော ပုဏ္ဏးကြီးထံသို့ ကြွသွားတော်မူ၏။


မာဂဏ္ဍိယ၏ ဖခင်သည် မြတ်ဗုဒ္ဓ ကြွတော်မူလာသည်ကို မြင်တွေ့ကာ ရုပ်အဆင်းချောမောမှူ၊တည်ငြိမ်မှူနှင့် မြင့်မြတ်သော အမူအယာကို တအံတသြဖြစ်ကာလှုပ်လှုပ်ရှားရှားဖြစ်သွား၏။ သမီးနှင့် လက်ထပ်ပေးရန် ဒီ့ထက် သင့်တော်သူ မရှိတော့ဟု အတွေးဝင်ခဲ့၏။ “အို…ရဟန်း မကြွပါနဲ့ဦး၊ သင့်ကို အကဲခတ်ကြည့်ရန်သမီးကို ခေါ်လာသည်အထိမှာ ဒီမှာစောင့်နေပါ။ သင်ဟာ သူမအတွက် အသင့်တော်ဆုံးဘဝကြင်ဖော်ဖြစ်သလို၊သူမကလည်း သင့်အတွက် အသင့်တော်ဆုံးသူပါ” ဟုစိတ်လှုပ်လှုပ်ရှားရှားနှင့်အော်ပြောလိုက်၏။


မြတ်ဗုဒ္ဓသည် စကားတစ်ခွန်းမျှ ပြန်လည် မိန့်ကြားတော် မမူ၊တိတ်တိတ်ဆိတ်ဆိတ် သာနေခဲ့၏။ရပ်တန့်တော် မမူဘဲ မြေပြင်ပေါ်သို့ခြေတော်ကိုဆောင့်နင်းကာဆက် ကြွတော်မူနေခဲ့၏။ပုဏ္ဏးကြီးသည် သူတွေးသည့်အတိုင်း အမှန်ဖြစ်သည်ဟုဆိုကာအလွန်သဘောကျသွားပြီး။ဇနီးသည်ကိုပြောပြရန် အိမ်သို့ပြန်ပြေးသွားလေ၏။


“ရှင်မ၊အဝတ် အမြန်လဲပါ၊တို့သမီးနဲ့ ထိုက်တန်တဲ့ အမျိုးသားတစ်ဦးကို မြင်ခဲ့တယ်” ဟုပြောပြ၏။သုံးဦးသား ထိုနေရာသို့ ရောက်လာသောအခါ မြတ်ဗုဒ္ဓကိုမမြင်တွေ့ရတော့ပေ။ မြတ်ဗုဒ္ဓရှိခဲ့သော နေရာတွင် ခြေတော်လက္ခဏာသာ ထင်ကျန်ခဲ့၏။လက္ခဏာအတတ်ကို အကျွမ်းတဝင်ရှိသော ဇနီးသည်က ခြေတော်ရာ လက္ခဏာကို ဖတ်ကြည့်ကာ “ဒီ ခြေလက္ခဏာပိုင်ရှင်ဟာ ငါ့တို့ သမီးကို လက်ထပ်ယူမယ့်သူလို့မထင်ဘူး၊လောကီချမ်းသာကို စွန့်လွှတ်ထားသူတစ်ဦးမှာ ရှိတဲ့ လက္ခဏာဖြစ်တယ်” ဟုပြော၏။


“ရှင်နဲ့ ရှင့် အမူအရာတွေက ရေအိုးထဲမှာ မိချောင်းကို မြင်ရသလို၊အိမ်အလယ်မှာ ဓားပြတွေကို တွေ့ရသလိုရေးကြီးသုတ်ပျာရှိလိုက်တာ” ဟုလင်သားကိုညည်းညူ ပြောဆိုလေ၏။ “ကြည့်စမ်း၊ဟိုသစ်ပင်အောက်မှာ ထိုင်နေတယ် တွေ့လား၊ အလွန် ထူးခြားသူတစ်ယောက် မဟုတ်လား။သမီး လာလိုက်ခဲ့၊ဒီတစ်ခါ သမီးကို ချစ်ရေးဆိုမယ့်သူက အပြသ်ပြောစရာ မလိုအောင်အဘက်ဘက်ကပြည့်စုံတယ်”
မိမိသည် လောကီအာရုံကိုအားလုံးကို ချိုးနှိမ်ခဲ့ပြီးဖြစ်ကြောင်း ရှင်းပြကာ ကမ်းလှမ်းမှုကိုပယ်ချတော်မူခဲ့ပါသည်။ ပိုင်ဆိုင်မှုအားလုံးနှင့်အတူ အိမ်ရာထောင်သည့် ဘဝကိုစွန့်လွှတ်ခဲ့ပုံ၊မာရ်နတ်၏သမီး လှပျိုဖြူများပင် မိမိကိုဆွဲဆောင်၍ မအောင်မြင်ခဲ့ပုံကို မိန့်ကြားတော်မူ၏။ထို့အပြင် မည်မျှပင် ရုပ်ရေ ချောမောလှသူဖြစ်စေ၊မစင်ကြယ်မှုများနှင့်ပြည့်နေကြောင်းဆက်လက် မိန့်ကြားတော်မူ၏။


ဤတရားစကားကို ကြားသောအခါ ပုဏ္ဏားကြီးနှင့် ဇနီးသည်တို့သည်လောကီဘဝ၏ စိတ်ပျက်ဖွယ် အခြေအနေနှင့် ဘယ်လိုပင် ကောင်းသည်ဟု ထင်ရသော်လည်း၊တွယ်တာစရာ တစ်ခုမှမရှိသည်ကို ချက်ချင်းသဘောပေါက်ခဲ့ကြ၏တတိယအဆင့် အနာဂါမ်အဖြစ်သို့ ဆိုက်ရောက်သွားခဲ့ကြသည်။
ကံမကောင်းစွာနှင့် ပါရမီဉာဏ် မရင့်သေးသော မာနရှင် မာဂဏ္ဍိယသည် မြတ်ဗုဒ္ဓ မိန့်ကြားတော်မူသော တရားစကား အဓိပ္ပာယ်များကို သဘောမပေါက်ခဲ့ပေ။မြတ်ဗုဒ္ဓသည် မိမိအလှကိုစော်ကားသည်ဟု မာဂဏ္ဍိယ အတွေးရောက်ခဲ့ပြီး “ ငါ့အလှကို မြင်တာနဲ့ ယောကျာ်းပေါင်းများစွာ ယစ်မူးသွားတဲ့အချိန်မှာ၊ဒီရဟန်းက ငါ့ကိုဘာ သဘောနဲ့ စော်ကားခဲ့တာလဲ၊ ငါ့ကို လက်မထပ်ချင်ရင်တောင် ငါ့ခန္ဓာကိုယ်ဟာ ညစ်ညမ်းမှုတွေနဲ့ပြည့်နေတယ်လို့ မပြောသင့်ဘူး”
သူမသည် ပင့်သက်ရှိုက်ရင်း လက်သီးကို တင်းတင်းစုပ်ကာ “အို…ရဟန်း၊သင် စောင့်ကြည့်လိုက်ပါ၊ငါ ရာထူးကြီးကြီးရှိတဲ့ လင်သားတစ်ယောက်နဲ့လက်ထပ်ပြီးတဲ့အခါ သင့်ကို သင်ခန်းစာကောင်းကောင်းပေးမယ်” ဟု တီးတိုးတိုးပြောဆိုခဲ့၏။နောင်တွင် မာဂဏ္ဍိယသည် ဥတေနမင်းနှင့် လက်ထပ်ခဲ့သည်။ မြတ်ဗုဒ္ဓ မြို့တွင်းသို့ကြွချီလာကြောင်း သူမကြားသောအခါ၊မြတ်ဗုဒ္ဓအပေါ် မုန်းတီးစိတ်မြင့်တတ်လာ၏။ လူ အများပြားကို တံစိုးလက်ဆောင်ပေးကာ၊မြတ်ဗုဒ္ဓကို စော်ကားအောင် သွေးထိုးပေးပြီး မောင်းထုတ်ခိုင်းခဲ့သည်။


မြတ်ဗုဒ္ဓနှင့် အတူလိုက်ပါလာသော အရှင်အာနန္ဒက ဆက်လက် သီတင်းမသုံးစေလို၊ စော်ကားမှုများကို သည်းမခံစေလိုပေ။ မြတ်ဗုဒ္ဓက “စစ်မြေပြင်ထဲ ရောက်နေတဲ့ဆင်တစ်ကောင်က လေးမှ ပစ်လွှတ်လိုက်သော မြားကို ကြံ့ ကြံ့ခံသလို ထိုနည်းအတိုင်း ငါဘုရားလည်း ဘုရား၊တရား မရှိသူတွေ မတရားပြုတာကို သည်းခံမယ်” ဟု မိန့်တော်မူပါသည်။


သည်းခံခြင်းသည် ဘုရားရှင်၏စွမ်းအားဖြစ်သည့်အတွက် ရိုင်းစိုင်းကြမ်းတန်းသော စကားများသည် တာရှည်မခံကြောင်း ဆက်လက်မိန့်ကြားတော်ပါသည်။မြတ်ဗုဒ္ဓနှင့် အရှင်အာနန္ဒတို့ ဥတေန့မြို့တွင် ဆက်လက်သီတင်းသုံးတော်ခဲ့ရာ မကြာမီ မတော်မတရားစော်ကားမှုအးလုံးအဆုံးသတ်သွားခဲ့သည်။





Previous:အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တ
Next:အပိုင်း ( ၃၁ ) တစ်လောကလုံးတွင် အတော်ဆုံး လယ်သ