ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း (၂၆) ယသသူဌေးသားနှင့် ပထမဆုံး ကျောင်းဒါယိကာ ဗိမ္ဗိသာရမင်းကြီး
Added:2020/7/22 11:36:38 Views:624

ဗုဒ္ဓဝင် အပိုင်း (၂၆)

ယသသူဌေးသားနှင့် ပထမဆုံး ကျောင်းဒါယိကာ ဗိမ္ဗိသာရမင်းကြီး


မြတ်ဗုဒ္ဓ ဗာရဏသီမြို့ရှိ မိဂဒါဝုန်တွင် သီတင်းသုံးတော်မူစဥ်၊ ယသအမည်ရသော ချမ်းသာသူ လူငယ်တစ်ဦး ဖူးမြင်ရန် ရောက်ရှိလာခဲ့၏။

ယသသည် မြတ်ဗုဒ္ဓ၏ တရားဓမ္မကို နာယူပြီး၊ ရဟန်းဝတ်လာသည်အထိ အလွန် ကျေနပ်နှစ်သက်နေခဲ့လေသည်။


ညနေပိုင်းအချိန်တွင် ယသ သတို့သား၏ ဖခင်သည် မြတ်ဗုဒ္ဓထံလာရောက်ပြီး ၎င်း၏သားသည် မြတ်ဗုဒ္ဓထံ သွားရောက်မည်ဟု ပြောဆိုကာ

မနက်ခင်းက အိမ်က ထွက်သွားပြီး ပြန်ရောက်မလာခဲ့ကြောင်း၊ သူခိုးဓားပြများ သတ်ဖြတ်ခြင်း ခံရပြီးလားဟု မိမိနှင့် မိခင်ဖြစ်သူမှာ

စိုးရိမ်နေပါကြောင်း လျှောက်ထားလေသည်။


မြတ်ဗုဒ္ဓက စိုးရိမ်ရန်မလိုကြောင်း၊ ယသသည်ရဟန်းဝတ်နေကြောင်း၊ မိန့်ကြားတော်မူလေ၏။ ဒီ့နောက် ယသ၏ ဖခင်ကို တရားဓမ္မ

ရှင်းလင်းဟောကြားတော်မူရာ မကြာမီ ၎င်းကိုယ်တိုင် မြတ်ဗုဒ္ဓ၏ ဥပါသကာ ဖြစ်လာခဲ့သည်။


ယသ၏ မိတ်ဆွေအပေါင်းအသင်း (၅၄)ဦး တရားဓမ္မနာယူရန် မြတ်ဗုဒ္ဓထံ ရောက်လာကြ၏။ ၎င်းတို့အားလုံးသည်လည်း ရဟန်းဝတ်ခဲ့ကြပါသည်။

ဤနည်းဖြင့် အချိန်တိုအတွင်း၌ တပည့်သာဝက ခြောက်ကျိပ်ထိ ရှိလာခဲ့သည်။


ဗိမ္ဗိသာရမင်းကြီးသည် သစ္စာဥာဏ်အလင်းကို ရှာဖွေလိုသည့်အတွက်ဟု အပေးအယူလုပ်ခြင်းကို ပယ်ချခဲ့သော သမဏ ဂေါတမကို

တိုင်းပြည်တစ်ဝက် အပ်နှင်းရန် တစ်ချိန်က ကမ်းလှမ်းခဲ့၏။ နောင်တွင် ရှာဖွေနေသော သစ္စာတရား ရရှိလျှင်၊ မိမိကို ရှင်းလင်း ဟောကြားဖို့

ရာဇဂြိုလ်မြို့သို့ ပြန်ကြွလာပါရန် ဗိမ္ဗိသာရမင်းကြီးက သမဏဂေါတမထံ ကတိစကား တောင်းခံခဲ့၏။


သမဏ ဂေါတမသည် သဗ္ဗညုတပိုင်ရှင် ဘုရားအဖြစ်သို့ ရောက်သောအခါ၊ ပြန်လာမည်ဟု မိမိကတိပေးခဲ့သော စကားကို မမေ့ခဲ့ပေ။

တပည့်သာဝကများစွာနှင့် ရာဇဂြိုလ်မြို့သို့ ပြန်လည်ကြွချီရန် ဆုံးဖြတ်တော်မူ၏။ ဘာသာရေး တရားဟောဆရာတစ်ပါးအဖြစ် ကျော်ကြားမှုသည်

မြို့အနှံ့ ပျံ့နေပြီး၊ အဆုံးတွင် ဗိမ္ဗိသာရမင်းကြီး ကြားသိသွားခဲ့၏။


မိမိ၏ ဂိတ်တံခါးဝသို့ မြတ်ဗုဒ္ဓရောက်ရှိနေကြောင်း၊ သတင်းကြားသိလျှင် မင်းကြီးသည် မြတ်ဗုဒ္ဓနှင့် တပည့်သာဝကများကို ခရီးဦးကြိုရန်

တိုင်းသူပြည်သားများနှင့်အတူ သွားရောက်ခဲ့လေသည်။ မင်းကြီးက မြတ်ဗုဒ္ဓထံ ချဥ်းကပ်ပြီး ရှိခိုး ဦးတိုက်သော်လည်း၊ ပြည်သူပြည်သား

အချို့သည် မြတ်ဗုဒ္ဓကို ရှိခိုးရမည်လား၊ အရှင် မဟာကဿပကို ရှိခိုးရမည်လား၊ မည်သူ့ကို ရှိခိုးဦးတိုက်ရမည်ကို မသိဘဲ ဖြစ်နေကြ၏။


မြတ်ဗုဒ္ဓနှင့် အရှင်မဟာကဿပ နှစ်ပါးလုံးက အမြင့်ဆုံး လေးစားခံရသော ဘာသာရေးဆရာများ ဖြစ်ရာ၊ မြတ်ဗုဒ္ဓက အရှင်မဟာကဿပ၏

လက်အောက်မှ ဘာသာရေး ဦးဆောင်သူလား (သို့မဟုတ်) ပြောင်းပြန်ဖြစ်သလား ဆိုသည်ကို တွေးတော နေခဲ့ကြသည်။ ၎င်းတို့၏ အတွေးကို

မြတ်ဗုဒ္ဓ သိမြင်တော်မူပြီး၊ အရှင်မဟာကဿပ၏ ယဇ်ပူဇော်မှုကို စွန့်လွှတ်ခဲ့ရခြင်း အကြောင်းကို မေးတော်မူလိုက်၏။


အရှင်မဟာကဿပက မေးမြန်းတော်မူခြင်း၏ အကြောင်းရင်းကို သဘောပေါက်ပြီး၊ အချည်းနှီးဖြစ်သော ကာမဂုဏ်အာရုံ လိုက်စားမှုထက်

နိဗ္ဗာန်၏ အငြိမ်းဓာတ်ကို ပိုမို နှစ်ခြိုက်သောကြောင့်ဟု ရှင်းလင်း လျှောက်ထားပါသည်။ လျှောက်ထားပြီးသည်နှင့် မြတ်ဗုဒ္ဓ၏ ခြေတော်ရင်းတွင်

ထိုင်ကာ "ဆရာအရှင်သည် ဘုန်းတော် အကြီးမြတ်ဆုံး ဖြစ်ပြီး၊ မိမိက တပည့်သာဝက ဖြစ်ပါသည်" ဟု ဥပါသကာများကို မိန့်ကြားလေ၏။

ဥပါသကာများသည် မြတ်ဗုဒ္ဓနှင့် အရှင်မဟာကဿပတို့ အပြန်အလှန် မိန့်ကြားသည်ကို ဝမ်းမြောက်ဝမ်းသာ ကြားနာခဲ့ကြသည်။


ဒီ့နောက် မြတ်ဗုဒ္ဓက တရားဓမ္မ ဟောကြားချီးမြှင့်တော်မူရာ၊ ဗိမ္ဗိသာရမင်းကြီးသည် သောတာပန်အဖြစ် ဆိုက်ရောက်ခဲ့သည်။

မြတ်ဗုဒ္ဓ၏ တရားဒေသနာတော်ကို နာယူပြီးနောက်၊ ဗိမ္ဗိသာရမင်းကြီးက "အို...ကြည်ညိုလေးစားရပါသော ဆရာ ဘုရား၊

တပည့်တော်မှာ ဟိုအရင် မင်းသားငယ် အရွယ်ကတည်းက တောင့်တမှု ဆန္ဒ (၅)မျိုး ရှိခဲ့ပါသည်၊ ယခု အားလုံး ပြည့်စုံ သွားပါပြီ"

ဟု လျှောက်ထားသည်။


" ပထမ ဆန္ဒက ဘုရင်အဖြစ် ထီးနန်းဆက်ခံရန် ဖြစ်ပါတယ်။ ဒုတိယ ဆန္ဒက သဗ္ဗညုမြတ်ဗုဒ္ဓသည် တပည့်‌တော််၏ တိုင်းပြည်သို့

ကြွရောက် ချီး‌‌မြှောက်‌‌‌စေလိုတဲ့ အာသီသ ဖြစ်ပါတယ်။ တတိယ ဆန္ဒက မြတ်ဗုဒ္ဓနှင့် တပည့်သာဝကအဖြစ် ဆက်ဆံလိုမှု ဖြစ်ပါတယ်။

စတုတ္ထ ဆန္ဒက မြတ်ဗုဒ္ဓက တပည့်တော်ကို တရားဓမ္မကို ‌‌ဟောကြားချီး‌‌မြှောက်ပါ‌စေဆိုတာ ဖြစ်ပါတယ်။ ပဥ္စမ ဆန္ဒက တရားဓမ္မကို

ထိုးသွင်း သိမြင်ရပါလို၏ဆိုတာ ဖြစ်ပါတယ်။ ယခု ဆန္ဒငါးမျိုးလုံး ပြည့်စုံပါပြီဘုရား " ဟု မြတ်ဗုဒ္ဓကို ‌‌‌‌‌လျှောက်တင်ခဲ့၏။


မြတ်ဗုဒ္ဓ၏ တရားလက်ဆောင်အတွက် ကျေးဇူး ဥပကာရ တင်ကာ ဗိမ္ဗိသာရမင်းကြီးက ဆိတ်ငြိမ်သော ဝါးတောပါရှိသည့် ဥယျာဥ်ခြံကို

မြတ်ဗုဒ္ဓနှင့် တပည့် သာဝကများ သီတင်းသုံးရန် လှူဒါန်းခဲ့ပါသည်။ ဤဥယာဥ်ကို ဝေဠုဝန်ဟု ခေါ်ဆိုခဲ့သည်။ ၎င်းသည် မြတ်ဗုဒ္ဓနှင့်

ရဟန်းသံဃာ သီတင်းသုံးရာ ပထမဆုံး ကျောင်းတော် ဖြစ်လာခဲ့သည်။ မြတ်ဗုဒ္ဓသည် ဝေဠုဝန်၌ သုံးနှစ် ဆက်တိုက် ဝါကပ်တော်မူခဲ့ပြီး၊

နောက်ပိုင်းတွင် သုံးဝါ ထပ်ဆိုတော်မူခဲ့ပါသည်။

တရားတော်ကို နာယူပြီးနောက် မင်းကြီးသည် ဘာသာတရား ကိုင်းရှိုင်းသော သူတော်ကောင်းတစ်ဦးဖြစ်လာခဲ့၏။ သို့သော် အတိတ်က

မကောင်းခဲ့သော ကံကြောင့် သားမိုက်တစ်ဦး၏ ကောက်ကျစ်မှုဖြင့် အချိန်မတိုင်မီ စိတ် မချမ်းမသာ နတ်ရွာစံသွားခဲ့ရသည်။


Previous:အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တ
Next:အပိုင်း (၂၅) မြတ်ဗုဒ္ဓ၏ နိစ္စဓူဝ လုပ်ငန်းစဉ်