ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း (၂၇) ဘာသာတရား ကိုင်းရှိုင်း‌သော ဝိသာခါ အမျိုးသမီး
Added:2020/7/29 18:46:30 Views:714

ဗုဒ္ဓဝင် အပိုင်း (၂၇)

ဘာသာတရား ကိုင်းရှိုင်း‌သော ဝိသာခါ အမျိုးသမီး


ဝိသာခါသည် သူဌေးကြီးတစ်ဦး၏ သမီးဖြစ်ပြီး ဘာသာတရား ကိုင်းရှိုင်း‌ကာ၊ အလှူအတန်း အပေးအကမ်း ရက်ရောသူဖြစ်၏။

သူမ ခုနစ်နှစ်သမီး အရွယ်တွင် ‌မွေးရပ်ဌာ‌‌‌နေသို့ မြတ်ဗုဒ္ဓ ‌ဒေသစာရီခရီးကို ကြားသိသော အဘိုး‌ဖြစ်သူက ခရီးဦးကြိုပြုရန် ဝိသာခါကို

အကြံပြုခဲ့သည်။ သူမသည် အသက်ငယ်သော်လည်းဘာသာ‌ရေးကိုင်းရှိုင်းပြီး သူတော်ကောင်း‌စိတ်ရှိ၏။ ဤသို့ဖြင့် မြတ်ဗုဒ္ဓထံမှ

တရားဓမ္မ နာယူပြီးသည်နှင့် ‌သောတာပန်အဖြစ် ‌ရောက်ရှိခဲ့သည်။


အသက်ဆယ့်ငါးနှစ်အရွယ် ဝိသာခါကို ပုဏ္ဏားအချို့က မြင်တွေ့သွားပြီး ၎င်းတို့သခင် မိဂါလသူဌေးကြီး၏သား ပုညဝၓနသတို့သား

အတွက် စံပြဇနီးတစ်ဦး ဖြစ်မည်ဟု စဉ်းစားခဲ့ကြ၏။ ဝိသာခါသည် မိန်းမမြတ်တစ်ဦးတွင် ရှိသင့်သော ‌ကောင်းခြင်းငါးဖြာကို

ပိုင်ဆိုင်ထား၏။ လှပသော ဆံပင်၊ လှပသော ကိုယ်ခန္ဓာ၊ လှပသော အရိုးအဆစ်၊ ‌ချော‌‌‌မွေ့ပြီး ‌‌‌ရွှေအဆင်းရှိသည့် လှပသော

အသားအ‌ရေနှင့် ငယ်ရွယ်နုပျိုမှုတို့ ဖြစ်သည်။


သို့ဖြစ်၍ ဝိသာခါကို ပုညဝၓနသတို့သားနှင့် လက်ဆက်ပေးရန် စီစဉ်ခဲ့ကြသည်။ ထိန်းမြားမဂ်လာပြုသည့်နေ့တွင် ပညာရှိဖခင်က

ဝိသာခါကို ‌အောက်ပါ ‌‌‌ခေါင်းစဉ်ဆယ်မျိုးနှင့် စပ်သော ‌အကြံဉာဏ်အချို့ပေးခဲ့၏။


၁။ ဇနီး‌ကောင်းတစ်‌‌ယောက်သည် လင်သားနှင့် ‌‌‌‌ယောက္ခမများကို လူရှေ့သူရှေ့တွင် မဝေဖန်သင့်။ ၎င်းတို့၏ အားနည်းချက်ကို ဖြစ်စေ

(သို့မဟုတ်) အိမ်တွင်းရေးကိစ္စ အငြင်းပွားမှုကိုဖြစ်စေ အပြင်လူများထဲ ပြောမပြသင့်။


၂။ ဇနီးကောင်းတစ်ယောက်သည် အခြားအိမ်သူအိမ်သားများ ပြောကြားကြသော အကြောင်းအရာများ၊ သတင်းစကားများကို

နားမထောင်သင့်ပါ။


၃။ ယူပြီးလျှင် ပြန်ပေးသူများကိုသာ ပစ္စည်းပစ္စယ ငှားရမ်းသင့်၏။


၄။ ယူပြီးလျှင် ပြန်မပေးသူများကို ပစ္စည်းပစ္စယများ မချေးငှားသင့်။


၅။ ဆင်းရဲသော ဆွေမျိုးများ မိတ်သဂ်ဟများကို ပြန်လည်မပေးသော်လည်း အကူအညီပေးသင့်၏။


၆။ ဇနီးကောင်း တစ်ယောက်သည် ယဥ်ကျေးသိမ်မွေ့စွာ နေထိုင်သင့်၏။ ယောက္ခမများနှင့် လင်သားကို မြင်သည့်အခါ ထိုင်နေရာမှ

ထရပ်ကာ အရိုအသေ ပေးသင့်၏။


၇။ ဇနီးကောင်း တစ်ယောက်သည် မိမိ မစားခင် ယောက္ခမများနှင့် လင်သားကို ကျွေးမွေးပြီး၊ မပြီး အရင် ကြည့်သင့်၏။

အခိုင်းအစေများက ကောင်းကောင်း ဂရုတစိုက်ရှိဖို့ ဆောင်ရွက်သင့်၏။


၈။ ဇနီးကောင်းတစ်ယောက်သည် အိပ်ရာမဝင်မီ အိမ်တံခါးများ ပိတ်သလား၊ ပစ္စည်းပစ္စယများ လုံခြုံမှုရှိသလား၊ အခိုင်းအစေများ

တာဝန်အသီးသီး လုပ်ဆောင်သလား၊ ယောက္ခမများ အနားယူပြီလား ဆိုတာ ကြည့်သင့်၏။ မယားဝတ္တရားအတိုင်း စောစောအိပ်ရာ

ထသင့်၏။ နေထိုင်မကောင်းတာ မဟုတ်ပါက နေ့လယ်နေ့ခင်း မအိပ်သင့်။


၉။ ဇနီးကောင်းတစ်ယောက်သည် ယောက္ခမများနှင့် လင်သားဖြစ်သူကို မီးကဲ့သို့ ဂရုတစိုက် ဆက်ဆံသင့်၏။


၁၀။ ဇနီးကောင်း တစ်ယောက်ငည် ယောက္ခမများနှင့် လင်သားဖြစ်သူကို အိမ်ဦးနတ်ဖြစ်တာကြောင့် အရိုအသေ ပေးသင့်၏။


ထိုနေ့မှစ၍ ဝိသာခါသည် ၎င်း၏ အိမ်သား နေထိုင်ရာ သာဝတ္ထိမြို့သို့ ရောက်ရှိခဲ့၏။ မြို့သူမြို့သားတိုင်းကို ကြင်ကြင်နာနာ ဆက်ဆံ၏။

အပေးအကမ်း ရက်ရော၏။ လူတိုင်းက သူမကို ချစ်ခင်ကြသည်။ တစ်နေ့ ရဟန်းတော်တစ်ပါး ဝိသာခါ၏အိမ်သို့ ဆွမ်းခံဝင်လာစဥ်

ဝိသာခါ၏ ယောက္ခထီးသည် ရွှေခွက်ဖြင့် အရသာရှိသော ယာဂုထမင်းကို စားသုံးနေ၏။ ယောက္ခထီးသည် ရဟန်းတော်ကို

မြင်သော်လည်း မမြင်ဟန်ပြုကာ ဆက်လက် စားသောက်နေ၏။


ဝိသာခါက "ကန်တော့ဆွမ်းပါအရှင်ဘုရား။ တပည့်တော်၏ ယောက္ခထီးသည် အကြွင်းအကျန်ကို စားသုံးနေပါတယ်" ဟု

ယဥ်ယဥ်ကျေးကျေး လျှောက်ထားလိုက်၏။ ဝိသာခါ၏ ယောက္ခထီးသည် ဝိသာခါက မြတ်ဗုဒ္ဓ၏ နောက်လိုက်သာဝကဖြစ်ပြီး

လှူဒါန်းနေသော ဥပါသိကာမ ဖြစ်နေစဥ်၊ သူက ဘုရားတရား မကြည်ညိုသူ ဖြစ်နေခဲ့သည့်အတွက် သူမ အပေါ်အချိန်အတော်ကြာ

စိတ်မကြည်မလင် ဖြစ်နေခဲ့၏။ သူသည် သားဖြစ်သူနှင့် ဝိသာခါ၏ အိမ်ထောင်ရေစကို ကွာရှင်းသွားစေရန် အခွင့်အရေး

ရှာဖွေနေခဲ့သည်။


ယခု ထိုအခွင့်အရေးကို တွေ့သွားခဲ့၏။ ဝိသာခါ၏ စကားကို နားလည်မှု လွဲကာ မိမိတို့ မိသားစုကို အရှက်တကွဲဖြစ်အောင်

လုပ်ဆောင်သည်ဟု တွေးထင်ခဲ့သည်။ ဝိသာခါကို အိမ်မှာ နှင်ထုတ်ရန် သူက အမိန့်ထုတ်ခဲ့၏။ သို့သော် ဝိသာခါသည် သူမ၏ ဖခင်က

မျိုးနွယ်စု လူကြီးရှစ်ယောက်ထံ မေတ္တာရပ်ခံထားသည့် စကားကို သတိပေးခဲ့၏။ သူမ၏ ဖခင်က "မိမိ သမီးတွင် အပြစ်တစ်စုံတစ်ရာ

ရှိလျှင် စစ်ဆေးပေးကြပါ" ဟု လူကြီးရှစ်ဦးကို ကြိုတင် ပြောကြားထားသည်။


မိဂါလသူဌေးကြီးက ဝိသာခါ၏ မေတ္တာရပ်ခံချက်ကို သဘောတူပြီး ၊ မျိုးနွယ်စုခေါင်းဆောင် ရှစ်ဦးကို ဝိသာခါ၏ ရိုင်းစိုင်းမှုအတွက်

အပြစ်ရှိ မရှိ လာရောက်စစ်ဆေးရန် ဆင့်ခေါ်ခဲ့၏။ ၎င်းတို့ ရောက်လာသည့်အခါ အတွင်းရေးမှူးဖြစ်သူကို "ဒီ အမှားအတွက်

အပြစ်ရှာပြှး အိမ်ကနှင်ထုတ်ပါ" ဟု လျှို့ဝှက်စွာ ပြောကြားထား၏။


ဝိသာခါက "လူကြီးမင်းတို့၊ ကျွန်ုပ်၏ ယောက္ခထီးသည် ရဟန်းတော် ဆွမ်းရပ်သည်ကို မသိကျိုးကျွံပြုကာ အရသာရှိသော

ယာဂုထမင်းကို ဆက်လက် စားသောက်နေခဲ့ပြီး၊ ယခုဘဝတွင် ကုသိုလ်မပြုပါ။ အတိတ်က ကုသိုလ်များကိုသာ ခံစားနေခဲ့ပါတယ်။

ဤလုပ်ရပ်သည် အကြွင်းအကျန်ကို စားသုံးနေသည်နှင့် မတူပါလား" ဟု ရှင်းလင်းကာ သူမတွင် အပြစ်မရှိကြောင်း သက်သေပြလေ၏။

ယောက္ခထီးဖြစ်သူသည် ရိုင်းစိုင်းမှုအတွက် အပြစ်မရှိကြောင်း ဝန်ခံခဲ့ရလေသည်။

ဒီ့နောက် အခြား နားလည်မှု လွဲမှားခြင်းလည်း ရှိခဲ့၏။ သို့သော် ဝိသာခါက ယောက္ခထီးဖြစ်သူ ကျေနပ်အောင် ရှင်းပြနိုင်ခဲ့၏။

ဤကိစ္စများ ဖြစ်ပွားပြီးနောက် သူမ၏ ယောက္ခထီးသည် သူ၏ အမှားကို သဘောပေါက်ကာ ဝိသာခါ၏ ကြီးမားသော ဥာဏ်ပညာကို

မြင်လာခဲ့၏ယ သူဌေးကြီးသည် သူမ၏ အကြံပြုချက်ဖြင့် တရားဓမ္မချီးမြှင့်ရန် မြတ်ဗုဒ္ဓကို အိမ်သို့ ပင့်ဖိတ်ခဲ့သည်။ တရားတော်ကို

နာယူပြီးနောက် သောတာပန်တစ်ဦး ဖြစ်လာခဲ့သည်။ ဝိသာခါသည် ဉာဏ်ပညာနှင့် သည်းခံမှုဖြင့် သူမလင်သား၏ အိမ်သူအိမ်သားများကို

စိတ်ချမ်းသာသော ဗုဒ္ဓဘာသာဝင် မိသားစု အဖြစ် အောင်မြင်အောင် ပြောင်းလဲနိုင်ခဲ့လေသည်။


ဝိသာခါသည် အလွန်သဒ္ဓါတရား ကောင်းပြီး ရဟန်းတော်များကို ထောက်ပံလှူဒါန်းခဲ့သည်။ ရဟန်းတော်များ သီတင်းသုံးရန် တန်ဖိုးများစွာ

အကုန်အကျခံကာ ပုဗ္ဗာရုံကျောင်းတော်ကြီး ဆောက်လုပ်လှူဒါန်းခဲ့၏။ ထိုကျောင်းတွင် မြတ်ဗုဒ္ဓ (၆)ဝါ သီတင်းသုံးတော်မူသောအခါ

သူမ အလွန်အလွန်ကြည်နူးခဲ့၏။


မြတ်ဗုဒ္ဓ ဝိသာခါကို ဟောကြားတော်မူသော တရားတစ်ပုဒ်၌ အမျိုးသမီးများအတွက် ဤဘဝ နောင်ဘဝတွင် ကောင်းငျိုးချမ်းသာ

ရစေမည့် အရည်အချင်း (၈) ချက်ကို မိန့်တော်မူခဲ့၏။


"ဝိသာခါ ဤနေရာ၌ အမျိုးသမီးတစ်ဦးသည် အိမ်မှုကိစ္စကို ကောင်းစွာ လုပ်တောင်ရမည်။ အလုပ်သမားများကို နိုင်နင်းစွာ စီမံအုပ်ချုပ်

ရမည်။ လင်သားကို လေးလေးစားစား ဆက်ဆံရမည်။ စည်းစိမ်ဥစ္စာကို စောင့်ရှောက်ရမည်။ စာဂတရား ရှိရမည်။ ပညာတရား ရှိရမည်။"


ပါရမီရှိသော အမျိုးသမီးတစ်ဦး ဖြစ်သည့်အလျှောက် ဝိသာခါသည် မြတ်ဗုဒ္ဓနှင့် တပည့်သာဝကများ အကြားတွင် တာဝန်အမျိုးမျိုး

ထမ်းဆောင်ကာ အရေးကြီးသော အခန်းကဏ္ဍ၌ ပါဝင်ခဲ့၏။ ထိုအချိန်က ဘိက္ခုနီများအကြားတွင် ဖြစ်ပွားခဲ့သော အငြင်းပွားမှုများကို

ဖြေရှင်းပေးရန် မြတ်ဗုဒ္ဓက သူမကို အခွင့်အာဏာ အပ်နှင်းတော်မူခဲ့သည်။ အငြင်းပွားမှုများကို ဖြေရှင်းရာတံင် သူမ ပါဝင်ခဲ့ပြီးမြတ်ဗုဒ္ဓမှ

ဘိက္ခနီများအတွက် ဝိနည်း သိက္ခာပုဒ်တချို့ကို ပညတ်တော်မူခဲ့၏။ ဝိသာခါသည် အရွယ်လွန်ချိန်ဖြစ်သည့် အသက်(၁၂၀) တွင်

ကံကုန်ခဲ့ပါသည်။


Previous:အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တ
Next:အပိုင်း (၂၆) ယသသူဌေးသားနှင့် ပထမဆုံး ကျောင်း