မြတ်ဗုဒ္ဓလက်ထက်တော်က အနာထပိဏ် အမည်ရသော သူဌေးကြီး တစ်ဦးရှိခဲ့၏။ရက်ရောသော သဒ္ဓါတရားကြောင့် အကူအညီမဲ့သူများကို ကျွေးမွေးသူ ဟု အဓိပ္ပာယ်ရသောအနာထပိဏ်အမည်ခေါ်တွင်ခဲ့ခြင်းဖြစ်သည်။အနာထပိဏ်သူဌေးကြီးသည်မြတ်ဗုဒ္ဓ သီတင်းသုံးရန် ခမ်းနားသော ဥယျာဉ်ကြီးတစ်ခုကို ဝယ်ယူူဒါန်းလိုခဲ့၏။
သို့သော်ထိုဥယျာဉ်ကိုပိုင်ဆိုင်သူ ဇေတမင်းသားက ရောင်းချပေးရန်အင်တင်တင်ဖြစ်နေလေသည်။
နောက်ဆုံးတွင် ဥယျာဉ်မြေပြင်ကို ရွှေဒင်္ဂါးပြားများ အပြည့်ခင်းပေးကာဇေတမင်းသား ရောင်းချင်စိတ် ပေါ်လာအောင် ဖျောင်းဖျခဲ့ရ၏။ ဒီနောက် မြတ်ဗုဒ္ဓအကြိမ်ပေါင်းများစွာ ဝါကပ်သောကျောင်းတော်ကြီးတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ရာ ဖေတဝန်ကျောင်းတော်ဟုထင်ရှားလာသည်။
မြတ်ဗုဒ္ဓသည် များပြားသော ဘဝအစိတ်အပိုင်းကို ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ရှိသည့် ဤကျောင်းတော်တွင် အသုံးပြုကာ တရားဓမ္မများကို ဟောကြားတော်မူခဲ့၏။
ဇေတဝန်ကျောင်းတော်၌ စုစုပေါင်း(၂၄)ဝါတိတိ မြတ်ဗုဒ္ဓသီတင်းသုံးတော်မူခဲ့ခြင်းဖြစ်ပါသည်။
အနာထပိဏ်သူဌေးကြီးကို မြတ်ဗုဒ္ဓ ဟောကြားတော်မူခဲ့သောတရားတော်အများစုမှာ လူဥပါသကာများအတွက် ရည်ရွယ်ခဲ့ပါသည်။ တရားနှစ်ပုဒ်သည် ဒါနအကြောင်းနှင့်ချမ်းသာခြင်း (၄) မျိုးဖြစ်ပါသည်။ဒါနနှင့်ပတ်သက်၍ဟောကြားရာတွင် ဗုဒ္ဓဘာသာဝင်တစ်ဦး၏ပထမအဆင့်အဖြစ် ရဟန်းတော်များကို ဆွမ်းလှူခြင်း၊ကျောင်းဆောက်လှူဒါန်းခြင်းကဲ့သို့ဒါနပါရမီကိုဖြည့်ရန်တိုက်တွန်းခဲ့၏။
ရက်ရောဒါနထက် ပို၍အရးကြီးသည်မှာ ဘုရား၊တရား၊သံဃာ၊ရတနာသုံးပါးကို ကိုးကွယ် ဆည်းကပ်ခြင်း သရဏဂုံ(၃)ပါးနှင့် အပြုအမူ အပြောအဆို(ကာယကံနှင့်ဝစီကံ)များကို ကူညီ ထိန်းသိမ်းပေးသော ငါးပါးသီလကို စောင့်ထိန်းလိုက်နာခြင်းဖြစ်၏။
တစ်ဖန် ငါးပါးသီလကိုစောင့်ထိန်းခြင်းထက် ပို၍ အရေးကြီးသည်မှာ မေတ္တာဘာဝနကို ပုံမှန် ပွားများခြင်းဖြစ်၏။ ဒီ့ထက်ပို၍ အကျိုးအများဆုံး ဆောင်ရွက်မူသည် သင်္ခါရတရားတို့၏မတည်မြဲသော သဘောကို ထိုးသွင်းသိမြင်အောင် ဝိပဿနာတရားအားထုတ် ပွားများရန်ဖြစ်၏။
လူသားများခံစားရသည့် ချမ်းသာခြင်း(၄)မျိုး တရားတော်တွင် ပိုင်ဆိုင်မူဟူသောချမ်းသာ(သန္တိသုခ)၊ဥစ္စာဓနဟူသောချမ်းသာ(ဘောဂသုခ)၊ကြွေးမြီးကင်းခြင်းဟူသောချမ်း
သာ(အနဝဇ္ဇသုခ) တို့ကို ထုတ်ဖော်မိန့်ကြားတော်မူခဲ့ပါသည်။
သန္တိသုခ အဓိပ္ပာယ်မှာ ရိုးသားကြိုးစားခြင်းဖြင့် စည်းစိမ်ဥစ္စာရရှိလာမူအပေါ် ကျေနပ်နှစ်သက်ခြင်းဖြစ်သည်။ ဘောဂသုခ အဓိပ္ပာယ်မှာ လောကဝတ်များကို ဖြည့်ဆည်းဆောင်ရွက်စဥ် ကိုယ်ပိုင်ဥစ္စာကို သုံးဆောင်မူအပေါ်ကျေနပ် နှစ်သက်ခြင်းဖြစ်၏။
အဏဏသုခ အဓိပ္ပာယ်မှာ သူတပါးကို ပေးဆပ်ရန် အကြွေး မရှိဟုသိမြင်တိုင်း လူတစ်ယောက်အတွက်ခံစားရသော ကျေနပ် နှစ်သက်ခြင်း ဖြစ်၏။ အနဝဇ္ဇသုခ အဓိပ္ပာယ်မှာ ကာယံကံ၊ဝစီကံ၊မနောကံ များဖြင့် အခြားသူများကိုထိခိုက်အောင်မလုပ်၊ထိုကံများကြောင့် အပြစ်တင် မခံရသူတစ်ဦးခံစားရသောကျေနပ်နှစ်သက်ခြင်းဖြစ်၏။
အနာထပိဏ်သူဌေးကြီးသည် ရာဇဂြိုလ်မြို့အနီး သီတဝနတောတွင် မြတ်ဗုဒ္ဓကို စတင်ဖူးမြင်ရသည့်အခါ ခန္ဓာကိုယ်မှ ရောင်ဝါလက္ခဏာ တောက်ပသည်အထိ သဒ္ဓါတရားအားကောင်းခဲ့၏။ ပထမအကြိမ် တရားဓမ္မကြားနာပြီးသည်နှင့်သောတပန်အဆင့်(အရိယာဘဝ ပထမအဆင့်) သို့တက်ရောက်ခဲ့လေသည်။