ShweMyanmar Mingalar co.,Ltd

Home < Story of The Buddha

အပိုင်း (၃၃) လူသားစားသော အာဠာဝကဘီလူးကို ချေချွတ်ခန်း
Added:2020/12/30 16:07:16 Views:551

အပိုင်း (၃၃)
လူသားစားသော အာဠာဝကဘီလူးကို ချေချွတ်ခန်း


အာဠာဝကသည် အာဠာဝီမြို့အနီးတွင် နေထိုင်ကာ လူသားကို စားသုံးလာခဲ့၏။သူသည် အလွန်ကြမ်းကြုတ်ပြီး စွမ်းအားကြီးကာ၊ လိမ္မာပါးနပ်သော ဘီလူးအဖြစ်ကျော်ကြားခဲ့ပါသည်။တစ်နေ့ အာဠာဝီဘုရင်ကြီးသည် တောအတွင်းသို့ သမင်လိုက်သွားခဲ့ရာ အာဠာဝက၏ ဖမ်းစီးခြင်းကို ခံလိုက်ရ၏။
ဘုရင်ကြီးက လွှတ်ပေးရန် တောင်းပန်ခဲ့ရာ၊လွတ်မြောက်လိုလျှင် သူ့ကိုဆက်သသည့်အနေဖြင့် ‌‌တောထဲသို့ နေ့စဉ်လူတစ်ယောက်ပို့ပေးရန်၊အာဠာဝကဘီလူးက အပြန်အလှန် အပေးအယူ လုပ်ခိုင်းခဲ့၏။မိမိ အသက်အတွက် ကြောက်လန့်ကာဘုရင်ကြီးက သဘောတူခဲ့၏။ထို့နောက် နန်းတော်အကျဉ်းတိုက်မှ အကျဉ်းသားတစ်ယောက်ကို ထမင်းပွဲနှင့်အတူ တောထဲသို့နေ့စဉ် လွှတ်ပေးခဲ့လေသည်။

အကျဉ်းတိုက်အတွင်းနေရတာစိတ်ဆင်းရဲဖြစ်နေသူကို လွတ်မြောက်လိုလျှင် ထိုသစ်ပင်သို့ သွားရောက် ၍ ထမင်းပွဲထားခဲ့ပြီး နှစ်သက်ရာ ထွက်သွားနိုင်ကြောင်းပြောဆိုခဲ့၏။ပထမတွင် ရိုးရှင်းသောတာဝန်အတွက် အကျဉ်းသားများစွာကသွားရောက်ရန် ဆန္ဒပြုခဲ့ကြသည်။ သို့သော် ရက်များစွာ ကြာသွားသည့်တိုင် သွားရောက်ခဲ့သူတစ်ဦးကမျှ အကျဉ်းသားများကို အဖြစ်အပျက် ပြန်လာမပြောခဲ့ပေ။အကျဉ်းသားများက သံသရဝင်လာခဲ့ကြရာ၊တောထဲသို့ သွားရောက်ရန် အကျဉ်းသားများကို နေ့စဉ် အတင်းအကြပ် ခိုင်းစေလေ၏။ မကြာမီ အကျဉ်းသားကုန်သွားခဲ့သည်။

ဘီလူးစာအတွက် နေ့စဉ် လူတစ်ယောက်ပို့ပေးရမည့် ကတိစကားကိုဖြည့်ပေးရန် ဘုရင်ကြီးနည်းလမ်းရှာမရဖြစ်ခဲ့၏။ရွှေထုပ်ကို တွေ့ရှိကာ ကောက်ယူသူကို သူခိုးအဖြစ်ဖမ်းဆီးပြီး အာဠာဝကထံ ပို့ပေးခဲ့သည်။

ဤသတင်းစကား ပတ်ဝန်းကျင်သို့ ပြန့်နှံ့သွားရာ၊ မည်သူမျှ ရွှေထုပ်ကိုမကောက်ယူဝံ့တော့ပေ။ မတတ်သာသည့်အဆုံး ဘုရင်ကြီးသည် အာဠာဝကထံ ဆက်သရန် ကလေးငယ်များကို စတင် ဖမ်းဆီးခဲ့လေသ၏။ကြောက်လန့်တကြားဖြစ်နေသော မြို့သူမြို့သား မိသားစုအိမ်များကို အပြီးအပိုင် စွန့်ကာထွက်ပြေးကြလေ၏။ဘုရင်ကြီးသည် လုံး၀ ကြံရာမရ ဖြစ်သွားခဲ့တော့သည်။ ကလေးငယ်တစ်ဦးသာကျန်တော့၏။သူသည် ဘုရင်ကြီး၏ သားငယ်လေးဖြစ်သည်။
ဘုရင်ကြီးသည် နောက်တစ်ရက် နံနက်တွင် သားငယ်လေးကို အာဠာဝထံပို့ပေးရန် အလွန် အင်တင်တင်ဖြင့် အမိန့်ပေးခဲ့၏။ ထိုနေ့က မြတ်ဗုဒ္ဓသည် မြို့အနီးသို့ရောက်ရှိတော်မူလာခဲ့၏။နံနက်ခင်းတွင် ဒိဗ္ဗစက္ခုဖြင့် လောကကို ကြည့်ရှုတော်မူသောအခါဖြစ်ပေါ်လာမည့် အကြောင်းအရာကို သိမြင်တော်မူခဲ့၏။

မြတ်ဗုဒ္ဓသည် ဘုရင်ကြီး၊မင်းသားငယ်နှင့် အာဠာဝကတို့အပေါ် မဟာကရုဏာတော်သက်ကာ ဘီလူးနေထိုင်ရာ လှိုဏ်ဂူသို့ တစ်နေကုန်ကြွသွားတော်မူရာ ညနေပိုင်းတွင် လိုဏ်ဂူအဝင်ဝသို့ရောက်ရှိတော်မူခဲ့၏။ အာဠာဝကဘီလူးသည် အဝေးတစ်နေရာတစ်နေရာရှိ တောင်ပေါ်သို့ ရောက်ရှိနေခဲ့သည်။ မြတ်ဗုဒ္ဓသည် လိုဏ်ဂူအတွင်းတစ်ညတာ သီတင်းသုံးခွင့်ပြုရန် တံခါးစောင့်ကို ပန်ကြားတော်မူခဲ့၏။ တံခါးစောင့်က အခွင့်တောင်းခံချက်ကို ဆရာဖြစ်သူထံသီတင်းပို့ရန်ထွက်သွားသောအခါမြတ်ဗုဒ္ဓသည်လှိုဏ်ဂူအတွင်းဝင်ကာ အာဠာဝက ထိုင်သော နေရာ၌ ထိုင်တော်မူလျက် ဇနီးသည်ဘီလူးမကို တရားဟောတော်မူ၏။
ဖြစ်ကြောင်းကုန်စင်ကိုအာဠာဝကကြားသိသောအခါအလွန်ဒေါသထွက်ကာ အလျင်အမြန်ပြန်လာခဲ့၏။သူ၏အံမခန်းသော အစွမ်းဖြင့် တုန်ခါနေသောကြောက်မက်ဖွယ် မိုးသက်မုန်းတိုင်း ဖန်တီးကာ မိုးကြိုးပစ်ခြင်း၊လျှပ်စီးလက်ခြင်း၊လေမုန်တိုင်းတိုက်ခြင်း မိုးကြီးရွာသွန်းစေခြင်းဖြင့် တစ်တောလုံး တဂျူန်းဂျူန်း မြည်အောင်လုပ်ပစ်လိုက်၏။ သို့သော်မြတ်ဗုဒ္ဓက ကြောက်ရွံ့တော် မမူခဲ့ပေ။
ထို့နောက် ၎င်း၏ လက်သုံးတော် လှံတံလက်နက်၊တင်ပုတ်လက်နက်ဖြင့် မြတ်ဗုဒ္ဓကို ပစ်ပေါက်တိုက်ခိုက်လေ၏။ လက်နက်များသည် မြတ်ဗုဒ္ဓကိုမထိမီ ခြေတော်ရင်း၌သာ ကျရောက်ခဲ့၏။မြတ်ဗုဒ္ဓကို ခြောက်လှန့်ရန် မစွမ်းသာသောအခါ “သင်လို သူတော်ကောင်းတစ်ဦးကအိမ်ရှင်အဝေးသွားခိုက် သူတစ်ပါး၏ ဇနီးမယားများအကြားမျာ ဝင်ပြီး ထိုင်နေတာ သင့်တော်မှန်ကန်သလား” မေးလေ၏။ဒီတစ်ခါ မြတ်ဗုဒ္ဓသည်နေရာမှထကာ လိုဏ်ဂူ အတွင်းမှထွက်တော်မူခဲ့၏။

အာဠာဝက “ဒီရဟန်းကို ခြောက်လှန့်ဖို့ ကြိုးစားရင်း ငါ့ စွမ်းအားတွေဖြုန်းပစ်ခဲ့တာ ငါ့ရဲ့မိုက်မဲမှုပဲ” ဟုတွေးတော၏။ဒါကြောင့် မြတ်ဗုဒ္ဓကို လိုဏ်ဂူအတွင်းပြန်ဝင်လာခိုင်းလေ၏။ ဘီလူးသည် မြတ်ဗုဒ္ဓကို ပင်ပန်း နွမ်းလျအောင်လုပ်ပြီးသတ်ဖြတ်ရန် မျှော်လင့်ချက်ဖြင့် လိုဏ်အတွင်းသို့ သုံးကြိမ်တိုင် ဝင်လိုက်၊ထွက်လိုက်ပြုလုပ်ရန် အမိန့်ပေးခဲ့၏။မြတ်ဗုဒ္ဓသည် အကြိမ်တိုင်း သူ အမိန့်ပေးသည့်အတိုင်းလုပ်ဆောင်တော်မူခဲ့၏။

ဘီလူးက လေးကြိမ်မြောက် ပြောဆိုသောအခါ “ငါဘုရား သင်ပြောတာကိုမနာခံတော့ဘူး၊အာဠာဝက သင်စွမ်းနိုင်သလောက်လုပ်ပါ။ ငါဘုရားဒီမှာပဲနေမယ်။” ဟုမိန့်တော်မူလိုက်၏။၎င်းဆန္ဒရှိသည့်အတိုင်း မြတ်ဗုဒ္ဓကို ဖိအားပေး၍ မရသောအခါ အာဠာဝကသည် နည်းဗျူဟာ ပြောင်းလိုက်ပြီး “ငါ သင့်ကို မေးခွန်းအချို့မေးမယ်။ မဖြေနိုင်ရင် နှလုံးကို ခွဲပြီး အသေသတ်ကာ မြစ်တစ်ဘက်ကမ်းကို ပစ်ချမယ်” ဟုပြောဆိုပြန်၏။

မြတ်ဗုဒ္ဓက အေးဆေးတည်ငြိမ်စွာဖြင့် “အာဠာဝက…လူဖြစ်စေ၊နတ်ဖြစ်စေ၊ရဟန်းဖြစ်စေ၊ဗြဟ္မာဖြစ်စေ ငါ့ဘုရားကို အဲလိုမျိုး လုပ်နိုင်သူမရှိဘူး ဒါပင်မယ့် သင် မေးချင်တာရှိရင်မေးနိုင်တယ်” ဟု ပြန်လည် မိန့်ကြားတော်မူခဲ့၏။ အာဠာဝကသည် ဘိုးဘွားများထံမှ ၎င်း၏မိဘများက သင်ယူထားပြီး သူ့ကို ပြန်သင်ပေးခဲ့သော ကောင်မွန်သည့် မေးခွန်းအချို့ကို မေးမြန်းခဲ့၏။ သူသည် အဖြေများကို မေ့သွားခဲ့သေည်လည်း မေးခွန်းများကိုမူ ရွှေပြားများတွင် ရေးထွင်းကာ တာရှည်ခံအောင်ပြုလုပ်ထားခဲ့၏။

မေးခွန်းများမှာ - “လူတစ်ယောက်အတွက် အကြီးမြတ်ဆုံး ဥစ္စာသည်ဘာလဲ” “ကောင်းစွာ တတ်မြောက်အောင် လေ့ကျင့်ထားလျှင် အမြင့်ဆုံးချမ်းသာကို ဖြစ်စေတာဘာလဲ” “အရသာအားလုံးထဲတွင် အချိုမြိန်ဆုံး အရသာက ဘာလဲ” “အကောင်းဆုံးအသက်ရှင်နေထိုင်နည်းက ဘာလဲ”
မြတ်ဗုဒ္ဓက ပြန်လည်ဖြေကြားခဲ့သည်မှာ “လူတစ်ယောက်အတွက် အကြီးမြတ်ဆုံး ဥစ္စာသည် သဒ္ဓါတရားဖြစ်တယ်။ ကောင်းစွာ တတ်မြောက်အောင် လေ့ကျင့်ထားလျှင် အမြင့်ဆုံး ချမ်းသာကို ဖြစ်စေတာက ာ မှန်ကန်သောကုသိုလ်တရားဖြစ်တယ်” “အရသာအားလုံးထဲတွင် အချိုမြိန်ဆုံး အရသာသည် သစ္စာစကားဖြစ်တယ်” “အကောင်းဆုံးအသ်ရှင်နေထိုင်နည်းသည် ပညာဖြင့် နေထိုင်ခြင်းဖြစ်တယ်”

အာဠာဝကသည် မေးခွန်းပေါင်းများစွာကိုမေးမြန်းခဲ့၏။အားလုံးကိုမြတ်ဗုဒ္ဓကဖြေကြားတော်မူခဲ့သည်။နောက်ဆုံးမေးခွန်းမှာ လူတစ်ယောက် ဤဘဝမှ လွန်ပြီးနောက်ဘဝတွင် ဘယ်နည်းနဲ့မှ ဝမ်းနည်းပူဆွေမှု မဖြစ်ပေါ်စေပါသလဲ။ မြတ်ဗုဒ္ဓ၏အဖြေမှာ သစ္စာတရား၊ကိုယ်ကျင့်ပညာတရား၊ဝိရိယတရား၊စာဂတရား၊ဤသူတော်ကောင်းတရား လေးမျိုးကို ပိုင်ဆိုင်သူသည် ဤဘဝမှ လွန်ပြီး နောက်ဘဝတွင်ဘယ်နည်းနဲ့မျှဝမ်းနည်းပူဆွေးမှု မဖြစ်ပေါ်စေပါ။

မြတ်ဗုဒ္ဓ၏ ဖြေကြားချက်များကို သဘောပေါက်ပြီးနောက်၊ အာဠာဝကဘီလူးက “ကျွန်ုပ်၏ အနာဂတ်အတွက် လျှိဝှက်ချက်ကို သိရပါပြီး။ အာဠာဝီမြို့သို့ မြတ်ဗုဒ္ဓ ရောက်ရှိလာခြင်းသည်ကျွန်ုပ်၏ ကောင်းကျိုးချမ်းသာအတွက် ဖြစ်ပါသည်” ပြောဆိုပြီး မြတ်ဗုဒ္ဓ၏ ရှေ့သို့ဝပ်စင်းကာ တပည့်သာဝကအဖြစ် လက်ခံရန်တောင်းပန် လျှောက်ထားလေ၏။

နောက်နေ့နံနက် အာဠာဝီမှ မှူးမတ်များ၊ဘုရင်ကြီး၏ သားငယ်နှင့်ရောက်လာသည့်အခါ၊ အာရုံစိုက်ပြီး တရားနာယူနေသော အာဠာဝကကို မြတ်ဗုဒ္ဓကကို မြတ်ဗုဒ္ဓက တရားဟောကြားနေသော မြင်ကွင်းအပေါ်အလွန် အံသြခဲ့ကြ၏။ကလေးငယ်ကို အာဠာဝကလက်သို့ လွှဲအပ်လိုက်သောအခါ၊ဖြစ်ခဲ့သမျှတွေအတွက် အရှက်ကြီးရှက်သွားလေ၏။ကလေးငယ်ကို ဆက်သသည်ဟု မမြင်ဘဲ၊ခေါင်းကိုညင်းညင်းသာသာပွတ်သပ်ပြီး အနမ်းပေးကာ မှူးမတ်များလက်ကိုပြန်လွှဲပေးခဲ့၏။

ဒီနောက် မြတ်ဗုဒ္ဓက ကလေးငယ်နှင့် အာဠာဝကကို ကောင်းချီး မင်္ဂလာပေးတော်မူ၏။လူသားစားသော အာဠာဝကကို အကျွတ်တရား ရစေပုံမှာ မြတ်ဗုဒ္ဓသည် ကြီးမာသော ပညာဉာဏ်နှင့် မဟာကရုဏာတော် အသုံးပြုကာ ရက်စက်ကြမ်းကြုတ်သူကို ဆုံးမနိုင်ပြီး၊လိမ္မာယဉ်ကျေးသော ဥပါသပကာအဖြစ် ပြောင်းလဲပေးနိုင်ကြောင်း ပြသတော်မူခဲ့ခြင်းဖြစ်ပါသည်။


Previous:အပိုင်း (၃၆) လူပေါင်းမှားသော အဇာတသတ်၏ နောင်တ
Next:အပိုင်း(၃၂) အိမ်ထောင်ဘက်ကောင်း ရွေးရန် အလှအ…