Call us :
 
09 963 276 106

၂၀၁၃ခုနစ် ရန်ကုန်မြို့၌ မင်္ဂလာဗုဒ္ဓကို စတင်အခြေစိုက်ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ ခေတ်မှီဆန်းသစ်ပြီး အရည်အသွေးကောင်းမွန်သော နိဗ္ဗာန်ကုန်အမျိုးမျိုးကို တင်သွင်းရောင်းချပေးလျက်ရှိပါသည်။ ဗုဒ္ဓဘာသာဝင်တို့နေ့စဉ်ကုသိုလ်ရေးလုပ်ခြင်း၊ဘုရားဝတ်ပြုခြင်းတို့သည် မြတ်စွာဘုရားရှင်နှင့်မြတ်ဗုဒ္ဓ၏တရားတော်များကို ရင်ထဲမှနက်ရှိုင်းစွာယုံကြည်ကျင့်ကြံခြင်းကြောင့်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်ကုသိုလ်ရှင်အပေါင်းတို့ မိမိတို့၏ကုသိုလ်ရေးများ ပိုမိုပြည့်စုံပြီး နိဗ္ဗာန်သွားရာလမ်းအထောက်အပံ့စေရန်အတွက် တစ်ဖက်တစ်လမ်းမှ ပါရမီဖြည့်စွက်သွားနိုင်ရန် အစဉ်ကြိုးစားလျက်ရှိပါသည်။
ရရှိနိုင်သောပစ္စည်းအမျိုးအစားနှင့်ဝန်ဆောင်မှု
မင်္ဂလာဗုဒ္ဓတွင် ဆင်းတုတော်များ၊ ပန်းအိုး၊သောက်တော်ရေခွက်၊ ဆွမ်းပွဲအမျိုးမျိုး၊သစ်သီးကလပ်များ၊ ဗုဒ္ဓတရားစာအုပ်များ၊ စိပ်ပုတီးများ၊ နံ့သာတိုင်များ၊ ဆီမီးစင် အစရှိသည်တို့အပါအဝင် ဗုဒ္ဓဘာသာဆိုင်ရာ အသုံးအဆောင်ပစ္စည်းများကို သင့်တော်သောစျေးနှုန်းနှင့် ရောင်းချပေးလျက်ရှိပါသည်။ ကုန်ပစ္စည်းတိုင်းကို ဗုဒ္ဓဘာသာ၏အဆုံးအမ၊ယဉ်ကျေးမှုတို့နှင့် ကိုက်ညီစေရန် ရွေးချယ်စိစစ်ရောင်းချပေးလျက်ရှိပြီး အားပေးသူအပေါင်း စိတ်ကျေနပ်ကြည်နူးမှုရရှိစေရန် လိုအပ်ချက်များကို အစဉ်တစိုက်ဖြည့်ဆည်းပေးလျက်ရှိပါသည်။ စစ်မှန်သောဗုဒ္ဓဘာသာဝင်ဖြစ်စေရန် မြတ်ဗုဒ္ဓတရားဓမ္မအဆုံးအမများ၊ဘာသာရေးဗဟုသုတများ၊ ဘာသာရေးနှီးနှောဖလှယ်ပွဲများကို တင်ဆက်ပေးလျက်ရှိသည့်အပြင် အရည်အချင်းပြည့်ဝပြီးကျွမ်းကျင်သောဝန်ထမ်းများမှ ကောင်းမွန်သောဝန်ဆောင်မှုပေးစွမ်းနိုင်ရန် အစဉ်ကြိုးစားလျက်ရှိပါသည်။
လုပ်ငန်းစဉ်နှင့်တန်ဖိုး
မြတ်ဗုဒ္ဓ၏တရားအဆုံးအမများကို ယုံကြည်မြဲမြံစွာလက်ခံကျင့်သုံးပြီး ဉာဏ်နဲ့ယှဉ်၍ မေတ္တာတရားကိုလက်ကိုင်ထားကာ အရည်အသွေးကောင်းမွန်သောကုန်ပစ္စည်း နှင့်အတူထပ်တူကျသော ဝန်ဆောင်မှုများကို ပေးစွမ်းခြင်းသည် မင်္ဂလာဗုဒ္ဓ၏နံပါတ်(၁)ဖြစ်ပါသည်။
အနာဂတ်
ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် အစဉ်မပြတ်ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး ဗုဒ္ဓဘာသာယဉ်ကျေးမှု အမွေအနှစ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ကမ္ဘာတဝှမ်းရှိ ဗုဒ္ဓဘာသာဝင်များနှင့် လက်တွဲလုပ်ဆောင်ကာ ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးနိုင်ရန် ရည်မှန်းပါသည်။